အမျှင်ဓာတ်၏
အကျိုးကျေးဇူးများနှင့်အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ
လူ့ခန္ဓာကိုယ်မှာ
အစာချေဖျက်မှု စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုး ထဲမှာ အမျှင်ဓာတ်လည်း
ပါဝင်ပါတယ်။
အမျှင်ဓာတ်အမျိုးအစား
၂မျိုး
- ရေမှာပျော်ဝင်တဲ့
အမျှင်ဓာတ်(Soluble Fiber) -ဥပမာ ပန်းသီး၊သစ်တော်သီး၊ ကောက်ပဲသီးနှံအမျိုးမျိုး၊
ဂျုံ၊ မုယောစပါး၊ ပေါင်မုန့်ညို စသည်ဖြင့်)
- ရေမှာမပျော်ဝင်တဲ့
အမျှင်ဓာတ်(Insoluble fiber)-ဥပမာ ဟင်းသီးဟင်းရွက်၊အခွံမာအသီး များ စသည်ဖြင့်)
- ရေမှာမပျော်ဝင်တဲ့
အမျှင်ဓာတ် မှာမှ Fermented Fiber လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်များကို
အချဥ်ဖောက်ထားတဲ့ အမျှင်ဓာတ် တို့လည်း ပါဝင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့
အစားအစာများ
- ကောက်ပဲသီးနှံ(cereals)၊အုတ်ဂျုံ
(oats)၊မုယောစပါး၊ရိုင်းစပါး( rye) စသည်တို့မှ ထွက်သော ဆန်လုံးညို ၊
ပေါင်မုန့်ညို၊ pasta ကဲ့သို့ အီတလီခေါက်ဆွဲခြောက်များ။
- ဘယ်ရီသီးအမျိုးမျိုး။
- သစ်တော်သီး။
- ပန်းသီး။
- ဖရဲသီး။
- လိမ္မော်သီး။
- ထောပတ်သီး။
- ဘရိုကိုလီ(
broccoli)။
- မုန်လာဥနီ။
- ပေါက်ပေါက်(popcorn)။
- ပဲလုံး၊ပဲသီးတောင့်၊ပဲစေ့အမျိုးမျိုး။
- အခွံမာအသီးများနှင့်
အစေ့အဆံများ။
- အခွံပါသောအာလူး။
- သဖန်းသီးခြောက်၊ ဇီးသီးခြောက်၊ စွံပလွန်သီးခြောက်
ကဲ့သို့သော အသီးခြောက်များ။
- လက်ဖက်။
- မုန်ညှင်းချဥ်၊မုန်လာချဥ်၊ကင်ချီ
ကဲ့သို့ အချဥ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များစတဲ့ အစားအစာတွေမှာ
အမျှင်ဓာတ်ကြွယ်ဝတာကို တွေ့ရှိရပါတယ်။
လူ့ခန္ဓာကိုယ်အတွက်
နေ့စဥ် အမျှင်ဓာတ် ဘယ်လောက်ပမာဏ လိုအပ်လဲ
- ကလေးငယ် ၄နှစ်မှ
၈နှစ် >> 18grams
- ကောင်ကလေး
၉နှစ်မှ ၁၈နှစ်>> 24-28grams
- အမျိုးသား
၁၉နှစ်မှ ၅၀အောက်>> 31-38grams
- မိနိးကလေး ၉နှစ်မှ ၁၈နှစ်>>
20-22grams
- အမျိုးသမီး
၁၉နှစ်မှ ၅၀အောက်>> 21-25grams
အမျှင်ဓာတ်လုံလောက်စွာစားပေးခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ
- ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ခြင်း။
- အူလှိုင်းလှုပ်ရှားမှု
ပုံမမှန်ခြင်းကိုထိန်းချုပ်ပေးနိုင်ခြင်း။
- အူနံရံမှာအသားပိုထွက်ခြင်းကြောင့်
ဝမ်း တွင်သွေးပါခြင်း ကိုသက်သာစေခြင်း။
- သွေးတွင်းမကောင်းတဲ့အဆီဓာတ်ထွက်ခြင်းကိုလျော့ချပေးသောကြောင့်
နှလုံးရောဂါ အမျိုးမျိုးမှကာကွယ်ပေးနိုင်ခြင်း။
- အချို့သောကင်ဆာရောဂါများကို
ကာကွယ်နိုင်ခြင်း။
- Glucose Level
ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
- အစားစားချင်စိတ်ကို
ထိန်းပေးသောကြောင့် ဝိတ်ချရာတွင် အသုံးပြုနိုင်ခြင်း။
သတိပြုရန်အချက်များ
- အစားအစာများကို
blander ဖြင့်ကြိတ်ပါက အမျှင်ဓာတ် ပါဝင်မှုနှုန်းလျော့ကျစေသောကြောင့်
အသီးအတိုင်းစားပါ။
- အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားပြီးတိုင်း ရေကိုလုံလုံလောက်လောက် သောက်ပါ။
- အမျှင်ဓာတ်
ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အများကြီးစားမိတဲ့အခါ
- အစာမကြေခြင်း
- လေပွခြင်း
- ဝမ်းပျက်ခြင်း
- ဝမ်းချုပ်ခြင်း
- ဗိုက်ကြွက်သားတက်ခြင်း
စတာတွေလည်း ဖြစ်တတ်တာမို့ နေ့စဥ်လိုအပ်သော ပမာဏကိုသာ စားသုံးသင့်ပါတယ်။
#ဝင့်ဝါအောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကျန်းမာခြင်းသည်လာဘ်တစ်ပါးဝင့်ဝါအောင်ကိုဆောင်လို့ထား
#ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
#အမျှင်ဓာတ်