အမျှင်ဓာတ်၏ အကျိုးကျေးဇူးများနှင့်အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ
လူ့ခန္ဓာကိုယ်မှာ အစာချေဖျက်မှု စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုး ထဲမှာ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။
အမျှင်ဓာတ်အမျိုးအစား ၂မျိုး
- ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်(Soluble Fiber) -ဥပမာ ပန်းသီး၊သစ်တော်သီး၊ ကောက်ပဲသီးနှံအမျိုးမျိုး၊ ဂျုံ၊ မုယောစပါး၊ ပေါင်မုန့်ညို စသည်ဖြင့်)
- ရေမှာမပျော်ဝင်တဲ့ အမျှင်ဓာတ်(Insoluble fiber)-ဥပမာ ဟင်းသီးဟင်းရွက်၊အခွံမာအသီး များ စသည်ဖြင့်)
- ရေမှာမပျော်ဝင်တဲ့ အမျှင်ဓာတ် မှာမှ Fermented Fiber လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်များကို အချဥ်ဖောက်ထားတဲ့ အမျှင်ဓာတ် တို့လည်း ပါဝင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ
- ကောက်ပဲသီးနှံ(cereals)၊အုတ်ဂျုံ (oats)၊မုယောစပါး၊ရိုင်းစပါး( rye) စသည်တို့မှ ထွက်သော ဆန်လုံးညို ၊ ပေါင်မုန့်ညို၊ pasta ကဲ့သို့ အီတလီခေါက်ဆွဲခြောက်များ။
- ဘယ်ရီသီးအမျိုးမျိုး။
- သစ်တော်သီး။
- ပန်းသီး။
- ဖရဲသီး။
- လိမ္မော်သီး။
- ထောပတ်သီး။
- ဘရိုကိုလီ( broccoli)။
- မုန်လာဥနီ။
- ပေါက်ပေါက်(popcorn)။
- ပဲလုံး၊ပဲသီးတောင့်၊ပဲစေ့အမျိုးမျိုး။
- အခွံမာအသီးများနှင့် အစေ့အဆံများ။
- အခွံပါသောအာလူး။
- သဖန်းသီးခြောက်၊ ဇီးသီးခြောက်၊ စွံပလွန်သီးခြောက် ကဲ့သို့သော အသီးခြောက်များ။
- လက်ဖက်။
- မုန်ညှင်းချဥ်၊မုန်လာချဥ်၊ကင်ချီ ကဲ့သို့ အချဥ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များစတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝတာကို တွေ့ရှိရပါတယ်။
- ကလေးငယ် ၄နှစ်မှ ၈နှစ် >> 18grams
- ကောင်ကလေး ၉နှစ်မှ ၁၈နှစ်>> 24-28grams
- အမျိုးသား ၁၉နှစ်မှ ၅၀အောက်>> 31-38grams
- မိနိးကလေး ၉နှစ်မှ ၁၈နှစ်>> 20-22grams
- အမျိုးသမီး ၁၉နှစ်မှ ၅၀အောက်>> 21-25grams
- ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ခြင်း။
- အူလှိုင်းလှုပ်ရှားမှု ပုံမမှန်ခြင်းကိုထိန်းချုပ်ပေးနိုင်ခြင်း။
- အူနံရံမှာအသားပိုထွက်ခြင်းကြောင့် ဝမ်း တွင်သွေးပါခြင်း ကိုသက်သာစေခြင်း။
- သွေးတွင်းမကောင်းတဲ့အဆီဓာတ်ထွက်ခြင်းကိုလျော့ချပေးသောကြောင့် နှလုံးရောဂါ အမျိုးမျိုးမှကာကွယ်ပေးနိုင်ခြင်း။
- အချို့သောကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်း။
- Glucose Level ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
- အစားစားချင်စိတ်ကို ထိန်းပေးသောကြောင့် ဝိတ်ချရာတွင် အသုံးပြုနိုင်ခြင်း။
- အစားအစာများကို blander ဖြင့်ကြိတ်ပါက အမျှင်ဓာတ် ပါဝင်မှုနှုန်းလျော့ကျစေသောကြောင့် အသီးအတိုင်းစားပါ။
- အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားပြီးတိုင်း ရေကိုလုံလုံလောက်လောက် သောက်ပါ။
- အမျှင်ဓာတ် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အများကြီးစားမိတဲ့အခါ
- အစာမကြေခြင်း
- လေပွခြင်း
- ဝမ်းပျက်ခြင်း
- ဝမ်းချုပ်ခြင်း
- ဗိုက်ကြွက်သားတက်ခြင်း စတာတွေလည်း ဖြစ်တတ်တာမို့ နေ့စဥ်လိုအပ်သော ပမာဏကိုသာ စားသုံးသင့်ပါတယ်။
#ဝင့်ဝါအောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကျန်းမာခြင်းသည်လာဘ်တစ်ပါးဝင့်ဝါအောင်ကိုဆောင်လို့ထား
0 comments:
Post a Comment