04 October 2021

ဆားနင်းခြင်းနှင့် ဆားရေနွေးစိမ်ခြင်းဖြင့် ကျန်းမာရေးအတွက် ဘာတွေ အထောက်အကူဖြစ်စေလဲ

ဆားနင်းခြင်းနှင့် ဆားရေနွေးစိမ်ခြင်းဖြင့် ကျန်းမာရေးအတွက် ဘာ​တွေအထောက်အကူဖြစ်စေလဲ

ရရှိနိုင်သောအကျိုးကျေးဇူးမျာ

  • မလိုအပ်သော အပူအောင်းနေသော အခိုးအငွေ့များ ခြေဖဝါးမှတဆင့် ထွက်သွားနိုင်ခြင်း။
  • ကျောက်ကပ်တွင် အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကို အကျိုးပြုခြင်း။
  • ကြာကြာနင်းလျှင် ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေခြင်း။
  • အထိုင်များသူ ကားမောင်းများသူများအတွက် အညောင်းရောဂါ၊ အကြောပိတ်၊ အကြောတင်းခြင်းများမှကာကွယ်နိုင်ခြင်း။
  • မျက်စိအာရုံစိုက်ရသူများ၊ မျက်မှန်တပ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင် မျက်စိဒီဂရီကျပြီး မျက်မှန်လွတ်စေနိုင်ခြင်း။
  • ဆံပင်ကျွတ်သူများ၊ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေခြင်း။
  • ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ မျက်ရည်ကျသူများ၊ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်ခြင်း။
  • သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်ခြင်း။
  • အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှ ကာကွယ်နိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရ ရှိနိုင်ပါတယ်။



နည်းလမ်း -၁

  • ရေမချိုးမီ ၁နာရီ အလို (သို့) ညအိပ်ရာမဝင်မီ အချိန်တို့တွင်ပြုလုပ်ပေးပါ။
  • ဆားမနင်းခင် ခြေထောက်ကို ပေါင်ရင်းမှစပြီး ရေလောင်းဆေးပါ။
  • ပြီးလျှင်ခြောက်အောင်သုတ်ပါ။
  • ဆား၂ ပိဿာ ခန့်ဆံ့သော ဇလုံကြီးထဲတွင် ထည့်ပြီးနင်းပါ။
  • နာရီဝက်လောက် ဆက်တိုက်နင်းပါက ခြေထောက်က ချွေးများထွက်လာတာကို တွေ့ရပါမယ်။
  • ၃၀မိနစ်မှ ၁နာရီအတွင်း မိမိအားရအောင် နင်းပြီးလျှင်ခြေထောက်ကို ပုဝါဖြင့် ပွတ်ချပြီး ဆားတွေပြောင်အောင်သုတ်ပါ။
  • ခြေထောက်ကို လုံးဝ (လုံးဝ) ရေအေးပြန်မဆေးရပါ။

နည်းလမ်း -၂

  • ဆား ၅၀သားခန့်ကို ရေနွေးတွင် ထည့်ပြီးရေနွေးကို မိမိခံနိုင်ရည်ရှိသလောက် အပူချိန်မှ ၁၅မိနစ်ခန့် (သို့မဟုတ်) ရေအေးသွားသည်အထိ ခြေထောက်ကို ခြေကျင်းဝတ်ထိ မြုပ်အောင်စိမ်ပေးပါ။
  • ပြီးလျှင် တဘက်ဖြင့် ပြောင်အောင်သုတ်ပေးပါ။ သို့မဟုတ်ပါက ဒူးအောက်ကနေ ရေခပ်နွေးနွေးနဲ့လောင်းပြီး ဆေးပေးပါ။
  • ထို့နောက် ရေခြောက်အောင်သုတ်ပါ။
  • ခန္ဓာကိုယ်မှာ ချွေးများထွက်လာပြီး ညောင်းညာကိုက်ခဲခြင်းများ ပေါ့သွားစေပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ အပူလည်းတော်တော် ထွက်ပါတယ်။

သတိပြုရန်

  • ခြေထောက်ကို ဆားနင်းခြင်း၊ ဆားဖြင့်ပွတ်ခြင်း၊ ဆားရေနွေးစိမ်ခြင်းတို့ပြုလုပ်ပြီးပါက တကိုယ်လုံး အပူများထွက်နေပါသဖြင့် ၁နာရီအတွင်း ခြေထောက်များကို ရေအေးဖြင့်ဆေးကြောခြင်း၊ ရေအေးထိခြင်း၊ ရေအေးသောက်ခြင်းများ မပြုလုပ်ရပါ။
  • အဲကွန်း၊ ပန်ကာဖွင့်ထားသော အခန်းတို့တွင် နေထိုင်ခြင်း မပြုရပါ။

မှတ်ချက် ။ မိုးအုံ့သော၊ နေရောင်မမြင်ရသောနေ့များတွင် မပြုလုပ်သင့်ပါ။

#ဝင့်ဝါအောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#နာကျင်ကိုက်ခဲဝေဒနာများကင်းဝေးအောင်ဝင့်ဝါအောင်ကိုဆောင်

0 comments:

Post a Comment