ဆေးဖက်ဝင် ချင်း(ဂျင်း)၏ အကျိုးကျေးဇူးများ
- အရွယ်တင် နုပျိုစေခြင်း။
- စိတ်ဖိစီးမှုမှကာကွယ်ပေးခြင်း။
- Cholesterol ကို လျော့ကျစေခြင်းကြောင့် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးခြင်း။
- သွေးတိုးရောဂါများအတွက် အထောက်အကူဖြစ်ခြင်း။
- ဆီးချိုရောဂါအတွက် လိုအပ်သော အင်ဆူလင်( insulin) ဓာတ်ကို ပုံမှန်ထုတ်ပေးခြင်း။
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် အကျိုးပြုခြင်း။
- အအေးမိခြင်းနှင့် အဆုတ်ရောဂါများကို သက်သာစေခြင်း။
- အရောင်ကျစေခြင်း။
- နာကျင်ခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ကို သက်သာစေခြင်း။
- မူးဝေခြင်းကို သက်သာစေခြင်း။ (eg -ကျီးပေါင်းကြောင့် မူးဝေခြင်း၊ကားမူးခြင်း၊ ကိုယ်ဝန်တည်စ ပျို့အန်ပြီးမူးဝေခြင်းစသည်တို့တွင် ချင်းကို အနည်းငယ်ဝါးစားပေးပါ။)
- အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ကိုက်ခဲခြင်းများကို သက်သာစေခြင်း။
- လေ့လာတွေ့ရှိချက်များအရ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါသည်။
- ချင်းကို အမှုန့်ဖြစ်စေ၊ ချင်း အတက်ဖြစ်စေ၊ ချင်းပြုတ်ရည်ဖြစ်စေ၊ သတ္တုရည်ဖြစ်စေ သောက်သုံးနိုင်ပါသည်။
- ချင်းကို တစ်နေ့လျှင် ( ၄ဂရမ် အထက် ) မသုံးစွဲသင့်ပါ။
- သွေးထွက်လွန်ခြင်းကို အားပေးခြင်း။
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း။
- နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း။
- ရင်ပူခြင်း။
- စိတ်ကျရောဂါဖြစ်ခြင်း။
- အရေပြားဆိုင်ရာ ရောဂါဖြစ်ခြင်း။
- ဝမ်းလျောခြင်း။
- လည်ချောင်း ယားယံခြင်းများ ဖြစ်တတ်ပါသည်။
မှတ်ချက်။ ။ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး
ဖြစ်တတ်သောကြောင့် နေ့စဥ်အလွန်အကျွံ သီးသန့်စားသုံးခြင်းများကို သတိပြုရှောင်ရှားသင့်ပါသည်။
#ဝင့်ဝါအောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကျန်းမာခြင်းသည်လာဘ်တစ်ပါးဝင့်ဝါအောင်ကိုဆောင်လို့ထား
0 comments:
Post a Comment