01 October 2021

ပျားရည်၏ အကျိုးကျေးဇူးများ

ပျားရည်၏ အကျိုးကျေးဇူးများ


  • ပျားရည်သည် အနာတွေကို အသားနုတက်စေပြီး ပိုးသေစေသော အာနိသင်ရှိပါတယ်။
  • အပူလောင်နာ၊ ထိခိုက်ရှနာတွေကို သက်သာစေပါတယ်။
  • ဝမ်းလျောပြီးစလူနာတွေမှာ ပျားရည်တိုက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့  potassium ဓာတ်တို့ ပြန်လည် ဖြည့်တင်းပေးပါတယ်။
  • အစာအိမ် အချဥ်ပြန်ခြင်းကို သက်သာစေပါတယ်။
  • အအေးမိခြင်း၊ ချောင်းဆိုးခြင်းတို့ကို သက်သာစေပါတယ်။
  • ပိုပြီး ကျန်းမာစေရန် သကြားအစား ပျားရည်ကို အစားအစာတွေမှာထည့်ပြီး အသုံးပြုနိုင်ပါတယ်။
  • ပျားရည်ကို ရှောက်ရည် ရေနွေးတို့ဖြင့် အစာမစားမှီသောက်ပေးပါက ကယ်လိုရီ လျော့ချပေးပါတယ်။

 


အာယုဗ္ဗေဒ ဆေးပညာအရ -


  • စိတ်ဖိစီးခြင်း။
  • အားနည်းခြင်း။
  • အိပ်မပျော်ခြင်း။
  • အမြင်အာရုံ ဆိုင်ရာ လက္ခဏာများ။
  • ခံတွင်းအနံ့နံခြင်း။
  • ချောင်းဆိုးခြင်း။
  • ကြို့ထိုးခြင်း။
  • အစာအိမ်အနာဖြစ်ခြင်း။
  • ဝမ်းလျောခြင်း။
  • ဝမ်းကိုက်ခြင်း။
  • အော့အန်ခြင်း။
  • အဝလွန်ခြင်း။
  • အသည်းရောင်အသားဝါ။
  • နှင်းခူနာ။
  • အဆစ်ရောင်ခြင်း။
  • အရွယ်တင်နုပျိုစေခြင်း။
  • သွေးတိုး ကျစေခြင်း။
  • အရက်အလွန်အကျွံသောက်ပြီးနောက် မအီမသာဖြစ်ခြင်း စသည်တို့ကိုသက်သာစေသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။

 

သောက်သုံးရန်ပမာဏ


  • အမျိုးသမီး - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အမျိုးသား - လက်ဖက်ရည်ဇွန်း ၃ဇွန်း

ရေအေးဖြင့် သောက်သုံး နိုင်ပါသည်။

 

မှတ်ချက် ။ ။ ၁နှစ်အောက် ကလေးငယ်များ သောက်သုံးရန် မသင့်တော်ပါ။

#ဝင့်ဝါအောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

#ကျန်းမာခြင်းသည်လာဘ်တစ်ပါးဝင့်ဝါအောင်ကိုဆောင်လို့ထား

#ပျားရည်

 

0 comments:

Post a Comment