အရိုးပွခြင်း
အရိုးဟာသိပ်သည်းဆရှိပြီး calcium,phosphate တွေနဲ့အုံထားတဲ့ Protein ဓာတ်ကြီး ဖြစ်တယ်။ အရိုးပွခြင်းဟာအသက်ကြီးလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဥ်ဖြစ်တာကြောင့် ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
အရိုးပွခြင်းဖြစ်ပေါ်ရသောအကြောင်း
အရိုးဟာနေ့စဥ်ဖြိုခွဲခြင်းခံရတယ်။ နေ့စဥ်အသစ်ဖြစ်ပေါ်တယ်။ နေ့စဥ်အသစ်ပြန်ဖြစ်ခြင်းဟာ ငယ်ရွယ်စဥ်မှာမသိသာပေမယ့် အသက်ကြီးလာတဲ့အခါ အသစ်ဖြစ်ပေါ်လာမှု နှေးလာတဲ့အတွက်ကြောင့် bone loss ကပိုများလာပြီး bone density လို့ခေါ်တဲ့ အရိုးရဲ့သိပ်သည်းဆကျလာရခြင်းကြောင့် အရိုးပွခြင်း၊ အရိုးပါးခြင်းများ ဖြစ်ပေါ်လာရပါတယ်။
ဘယ်အရိုးတွေမှာ အဖြစ်အများဆုံးလဲ
- တင်ပဆုံရိုး
- လက်ကောက်ဝတ်ရိုး
- ခါးဆစ်ရိုးတွေမှာ အခြားသော အရိုးတွေထက် အရိုးပွခြင်းကို ပိုခံစားရတယ်။
ဘယ်လို လူတွေမှာ ပိုဖြစ်လဲ
- သွေးဆုံးချိန်စောသူများ (မျိုးရိုးကြောင့် သို့မဟုတ် အခြားအကြောင်းများ)။
- သားအိမ်နှင့် သားဥအိမ်ထုတ်ထားသော အမျိုးသမီးများ။
- မိသားစုထဲက အမျိုးသမီးများတွင် အရိုးပါး ၊အရိုးပွရောဂါ မျိုးရိုးရှိသူများ။
- အာဟာရချို့တဲ့သူများ (အထူးသဖြင့် calcium, Vitamin-D နှင့် protein ဓာတ်ပါသောအစာတွေကောင်း ကောင်းမစားသူများ)။
- လေ့ကျင့်ခန်းမလုပ်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ အထိုင်များသူများ။
- ဆန့်ကျင်ဘက်အနေဖြင့် လေ့ကျင့်ခန်းအပြင်း အထန်လုပ်သူများ။
- အလွန်အမင်း အစားလျော့စားသူများ။
- အကြောင်းတစ်ခုခုကြောင့် ကာလရှည် ရာသီမလာသူများ။
- Steroid ဆေးဝါးများကို ကာလ ရှည်ကြာ သုံးစွဲသူများ။
- ဆေးလိပ်နှင့် အရက်သောက်သူများ။
- အရိုးသိပ်သည်းဆကို ထိန်းပေးသော ( Pituitary hormone,thyroid hormone,parathyroid hormone, estrogen hormone ) ကဲ့သို့သော hormone များပြောင်းလဲခြင်း။
- ကျောက်ကပ်ရောဂါရှိသူများ (Vitamin-D က ကျောက်ကပ်ထဲကိုရောက်မှ အရိုးကိုမာစေတဲ့ ဓာတ်ဖြစ်သွားတာကြောင့် ကျောက်ကပ်လုပ်ငန်းများ ကျသွားတဲ့အခါ အရိုးပွခြင်းကိုဖြစ်စေပါတယ်)။
- အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ( Coeliac disease,Crohn's disease ကဲ့သို့ အူပိုင်းဆိုင်ရာ စုပ်ယူမှု အားနည်းသော ရောဂါများ)။
- မွေးစမှ စပြီး generation ကြောင့်ဖြစ်သော အရိုးပွခြင်း။
- ငယ်စဥ်ထဲက Vitamin-D ဓာတ်အားနည်းလို့ဖြစ်တဲ့ Ricket ရောဂါ စသည်တို့မှာ အရိုးပွခြင်း ပိုဖြစ်တတ်ပါတယ်။
အရိုးပွခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ
အရိုးပွခြင်းဟာဖြစ်စတွင် သိပ်မသိသာသော်လည်း အချိန်ကြာလာတဲ့အခါ အောက်ပါလက္ခဏာရပ်များကို တွေ့ရပါတယ်။
- ကျောရိုးများ ပြားသွားခြင်း၊ ကျိုးခြင်းကြောင့် ခါးနာခြင်း။
- အရပ်တိုလာခြင်း၊ ခါးကုန်းလာခြင်း။
- လှုပ်ရှားမှုပုံစံတို့မှားယွင်းခြင်း။
- အရိုးများဟာ အမှတ်မထင်ဘဲ ကျိုးလွယ်ခြင်းတို့ တွေ့ရတတ်ပါတယ်။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ
- Bone density စစ်ဆေးခြင်း။
- X ray ရိုက်ခြင်း။
- ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း နှင့် စမ်းသပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
အရိုးပွခြင်းကို အတတ်နိုင်ဆုံး ဘယ်လို ကာကွယ်ကြမလဲ
- အရိုးပွခြင်းကို ကာကွယ်ရန် အသက်ငယ်စဥ်မှစပြီး နည်းမှန်လမ်းမှန် စားသောက်ပါ။
- အသားဓာတ်နှင့် Calcium, Vit D ပါဝင်သော အစာတို့ကို များများစားပါ။
- တစ်နေ့တာ အတွက် အသက်အရွယ်အလိုက် လိုအပ်သော ပျမ်းမျှ Calcium ပမာဏ
- 1yr-3yrs >>>>>>>>>>>> 500mg
- 4yrs-8yrs>>>>>>>>>>> 700mg
- 9yrs-11yrs>>>>>>>>>>1000mg
- 12yrs-18yrs>>>>>>>>>1300mg
- 19yrs +>>>>>>>>>>>>>1000mg
- 50yrs+ >>>>>>>>>>>>>1300mg
- 70yrs+>>>>>>>>>>>>>1300mg
- Pragnant>>>>>>>>>>>1000mg
- Breast Feeding>>>>>>1300mg
ဆောင်ရန်
- နို့နှင့် နို့ထွက်ပစ္စည်း၊ ဒိန်ချဥ်၊ cheese
- ပဲနို့၊ ပဲပုပ်၊ ပဲပိစပ်၊ တို့ဟူး၊ ပဲအမျိုးမျိုး
- အရိုးပါစားလို့ရသော ငါးကလေးများ
- အစေ့အဆံများ
- ငါးအသည်းဆီ(cod liver oil)
- Salmon ငါး
- ဆာဒင်းငါး
- ဟယ်ရင်း ငါး
- မာဂျရင်း
- ကြက်ဥအနှစ်
- အစိမ်းရောင်ရှိသော အသီးအနှံများ
ရှောင်ရန်
- ကော်ဖီ၊ လက်ဖက်ရည်ကဲ့သို့ caffeine ဓာတ်များကို အများကြီးမသောက်သုံးရပါ။
- ဆေးလိပ် ၊ဆေးလိပ်မီးခိုးငွေ့။
- အရက်၊ ဘီယာ အလွန်အကျွံသောက်ခြင်း။
- Vitamin-D ကောင်းကောင်းရစေရန် နံနက် ၈နာရီမှ ၁၀နာရီအတွင်း နေရောင်ခြည်ကို ၁၅မိနစ်ခံယူပါ။
- အရိုး နှင့် အရိုးဘေးမှာရှိသော ကြွက်သားများပိုမိုခိုင်မာလာစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊လမ်းလျှောက်ခြင်း တို့ကို နေ့စဥ်ပြုလုပ်ပေးပါ။