05 October 2021

α€œူတိုင်းα€›ှောင်α€œွှဲα€œို့ α€™α€›α€”ိုင်α€žော α€žα€˜ာဝဖြα€…်α€…α€₯်

ထရိုးပွခြင်း

    α€‘α€›ိုးα€Ÿာα€žိပ်α€žα€Š်းဆရှိပြီး calcium,phosphate တွေα€”ဲ့ထုံထားတဲ့ Protein ဓာတ်α€€ြီး α€–ြα€…်α€α€š်။ ထရိုးပွ​ခြင်းα€Ÿာα€‘α€žα€€်α€€ြီးα€œာရင် α€–ြα€…်α€œေ့α€–ြα€…်ထရှိတဲ့ α€žα€˜ာဝဖြα€…်α€…α€₯်α€–ြα€…်တာα€€ြောင့် α€˜α€š်α€žူα€™ှ α€›ှောင်α€œွှဲα€œို့ α€™α€›α€”ိုင်ပါα€˜ူး။

ထရိုးပွခြင်းα€–ြα€…်ပေါ်α€›α€žောထကြောင်း

    α€‘α€›ိုးα€Ÿာα€”ေ့α€…α€₯်α€–ြိုခွဲခြင်းခံα€›α€α€š်။ α€”ေ့α€…α€₯်α€‘α€žα€…်α€–ြα€…်ပေါ်α€α€š်။ α€”ေ့α€…α€₯်α€‘α€žα€…်ပြα€”်α€–ြα€…်ခြင်းα€Ÿာ α€„α€š်α€›ွα€š်α€…α€₯်α€™ှာα€™α€žိα€žာပေα€™α€š့် α€‘α€žα€€်α€€ြီးα€œာတဲ့ထခါ α€‘α€žα€…်α€–ြα€…်ပေါ်α€œာα€™ှု α€”ှေးα€œာတဲ့ထတွα€€်α€€ြောင့် bone loss ကပိုα€™ျားα€œာပြီး bone density α€œို့ခေါ်တဲ့ ထရိုးα€›ဲ့α€žိပ်α€žα€Š်းဆကျα€œာရခြင်းα€€ြောင့် ထရိုးပွခြင်း၊ ထရိုးပါးခြင်းα€™ျား α€–ြα€…်ပေါ်α€œာရပါα€α€š်။

α€˜α€š်ထရိုးတွေα€™ှာ ထဖြα€…်ထများဆုံးα€œဲ

  • တင်ပဆုံα€›ိုး
  • α€œα€€်α€€ောα€€်ဝတ်α€›ိုး
  • ခါးဆစ်α€›ိုးတွေα€™ှာ ထခြားα€žော ထရိုးတွေထက် ထရိုးပွခြင်းα€€ို ပိုခံα€…ားα€›α€α€š်။

α€˜α€š်α€œို α€œူတွေα€™ှာ ပိုα€–ြα€…်α€œဲ

  • α€žွေးဆုံးချိα€”်α€…ောα€žူα€™ျား (α€™ျိုးα€›ိုးα€€ြောင့် α€žို့α€™α€Ÿုတ် ထခြားထကြောင်းα€™ျား)။
  • α€žားထိα€™်α€”ှင့် α€žားα€₯ထိα€™်ထုတ်ထားα€žော ထမျိုးα€žα€™ီးα€™ျား။
  • α€™ိα€žားα€…ုထဲα€€ ထမျိုးα€žα€™ီးα€™ျားတွင် ထရိုးပါး ၊ထရိုးပွα€›ောဂါ α€™ျိုးα€›ိုးα€›ှိα€žူα€™ျား။
  • ထာα€Ÿာရချို့တဲ့α€žူα€™ျား (ထထူးα€žα€–ြင့် calcium, Vitamin-D α€”ှင့် protein ဓာတ်ပါα€žောထစာတွေα€€ောင်း α€€ောင်းα€™α€…ားα€žူα€™ျား)။
  • α€œေ့α€€ျင့်ခန်းα€™α€œုပ်α€žူα€™ျား၊ α€€ိုα€š်α€œα€€်α€œှုပ်α€›ှားα€™ှုα€”α€Š်းα€žူα€™ျား၊ ထထိုင်α€™ျားα€žူα€™ျား။
  • ဆန့်α€€ျင်α€˜α€€်ထနေα€–ြင့် α€œေ့α€€ျင့်ခန်းထပြင်း ထထန်α€œုပ်α€žူα€™ျား။
  • α€‘α€œွα€”်ထမင်း ထစားα€œျော့α€…ားα€žူα€™ျား။
  • ထကြောင်းတစ်ခုခုα€€ြောင့် α€€ာα€œα€›ှα€Š် α€›ာα€žီα€™α€œာα€žူα€™ျား။
  • Steroid ဆေးဝါးα€™ျားα€€ို α€€ာα€œ α€›ှα€Š်α€€ြာ α€žုံးα€…ွဲα€žူα€™ျား။
  • ဆေးα€œိပ်α€”ှင့် ထရက်α€žောα€€်α€žူα€™ျား။
  • ထရိုးα€žိပ်α€žα€Š်းဆကို ထိα€”်းပေးα€žော ( Pituitary hormone,thyroid hormone,parathyroid hormone, estrogen hormone ) α€€ဲ့α€žို့α€žော hormone α€™ျားပြောင်းα€œဲခြင်း။
  • α€€ျောα€€်ကပ်α€›ောဂါα€›ှိα€žူα€™ျား (Vit‌amin-D α€€ α€€ျောα€€်ကပ်ထဲα€€ိုα€›ောα€€်α€™ှ ထရိုးα€€ိုα€™ာα€…ေတဲ့ ဓာတ်α€–ြα€…်α€žွားတာα€€ြောင့် α€€ျောα€€်ကပ်α€œုပ်ငန်းα€™ျား α€€ျα€žွားတဲ့ထခါ ထရိုးပွခြင်းα€€ိုα€–ြα€…်α€…ေပါα€α€š်)။
  • ထူα€œα€™်းα€€ြောင်းဆိုင်α€›ာα€›ောဂါα€›ှိα€žူα€™ျား( Coeliac disease,Crohn's disease α€€ဲ့α€žို့ ထူပိုင်းဆိုင်α€›ာ α€…ုပ်α€šူα€™ှု ထားα€”α€Š်းα€žော α€›ောဂါα€™ျား)။
  • α€™ွေးα€…α€™ှ စပြီး generation α€€ြောင့်α€–ြα€…်α€žော ထရိုးပွခြင်း။
  • α€„α€š်α€…α€₯်ထဲα€€ Vitamin-D ဓာတ်ထားα€”α€Š်းα€œို့α€–ြα€…်တဲ့ Ricket α€›ောဂါ α€…α€žα€Š်တို့α€™ှာ ထရိုးပွခြင်း ပိုα€–ြα€…်တတ်ပါα€α€š်။

ထရိုးပွခြင်းα€›ဲ့ α€œα€€္ခဏာတွေα€€ α€˜ာတွေα€œဲ

    α€‘α€›ိုးပွခြင်းα€Ÿာα€–ြα€…်စတွင် α€žိပ်α€™α€žိα€žာα€žော်α€œα€Š်း ထချိα€”်α€€ြာα€œာတဲ့ထခါ ထောα€€်ပါα€œα€€္ခဏာရပ်α€™ျားα€€ို တွေ့ရပါα€α€š်။
  • α€€ျောα€›ိုးα€™ျား ပြားα€žွားခြင်း၊ α€€ျိုးခြင်းα€€ြောင့် ခါးα€”ာခြင်း။
  • ထရပ်တိုα€œာခြင်း၊ ခါးα€€ုα€”်းα€œာခြင်း။
  • α€œှုပ်α€›ှားα€™ှုပုံα€…ံတို့α€™ှားα€šွင်းခြင်း။
  • ထရိုးα€™ျားα€Ÿာ ထမှတ်မထင်α€˜ဲ α€€ျိုးα€œွα€š်ခြင်းတို့ တွေ့ရတတ်ပါα€α€š်။

α€˜α€š်α€œို α€…α€…်ဆေး α€žိα€›ှိα€”ိုင်α€™α€œဲ

  • Bone density α€…α€…်ဆေးခြင်း။
  • X ray α€›ိုα€€်ခြင်း။
  • α€›ောဂါထခြေထနေထကြောင်း α€™ေးα€™ြα€”်းခြင်း α€”ှင့် α€…α€™်းα€žα€•်ခြင်းα€™ျား ပြုα€œုပ်α€”ိုင်ပါα€α€š်။

ထရိုးပွခြင်းα€€ို ထတတ်α€”ိုင်ဆုံး α€˜α€š်α€œို α€€ာα€€ွα€š်α€€ြα€™α€œဲ

  • ထရိုးပွခြင်းα€€ို α€€ာα€€ွα€š်α€›α€”် α€‘α€žα€€်α€„α€š်α€…α€₯်α€™ှစပြီး α€”α€Š်းα€™ှα€”်α€œα€™်းα€™ှα€”် α€…ားα€žောα€€်ပါ။
  • α€‘α€žားဓာတ်α€”ှင့် Calcium, Vit D ပါဝင်α€žော ထစာတို့α€€ို α€™ျားα€™ျားα€…ားပါ။
  • တစ်α€”ေ့တာ ထတွα€€် α€‘α€žα€€်ထရွα€š်α€‘α€œိုα€€် α€œိုထပ်α€žော ပျα€™်းα€™ျှ Calcium ပမာဏ
    • 1yr-3yrs >>>>>>>>>>>> 500mg
    • 4yrs-8yrs>>>>>>>>>>> 700mg
    • 9yrs-11yrs>>>>>>>>>>1000mg
    • 12yrs-18yrs>>>>>>>>>1300mg
    • 19yrs +>>>>>>>>>>>>>1000mg
    • 50yrs+ >>>>>>>>>>>>>1300mg
    • 70yrs+>>>>>>>>>>>>>1300mg
    • Pragnant>>>>>>>>>>>1000mg
    • Breast Feeding>>>>>>1300mg

ဆောင်α€›α€”်

  • α€”ို့α€”ှင့် α€”ို့ထွα€€်ပစ္α€…α€Š်း၊ α€’ိα€”်ချα€₯်၊ cheese
  • ပဲα€”ို့၊ ပဲပုပ်၊ ပဲပိစပ်၊ တို့α€Ÿူး၊ ပဲထမျိုးα€™ျိုး
  • ထရိုးပါα€…ားα€œို့α€›α€žော ငါးα€€α€œေးα€™ျား
  • ထစေ့ထဆံα€™ျား
  • ငါးα€‘α€žα€Š်းဆီ(cod liver oil)
  • Salmon ငါး
  • ဆာဒင်းငါး
  • α€Ÿα€š်ရင်း ငါး
  • α€™ာဂျရင်း
  • α€€ြα€€်α€₯ထနှα€…်
  • ထစိα€™်းα€›ောင်α€›ှိα€žော α€‘α€žီးထနှံα€™ျား

α€›ှောင်α€›α€”်

  • α€€ော်α€–ီ၊ α€œα€€်α€–α€€်α€›α€Š်α€€ဲ့α€žို့ caffeine ဓာတ်α€™ျားα€€ို ထများα€€ြီးα€™α€žောα€€်α€žုံးရပါ။
  • ဆေးα€œိပ် ၊ဆေးα€œိပ်α€™ီးခိုးငွေ့။
  • ထရက်၊ α€˜ီα€šာ α€‘α€œွα€”်ထကျွံα€žောα€€်ခြင်း။
  • Vitamin-D α€€ောင်းα€€ောင်းα€›α€…ေα€›α€”် α€”ံα€”α€€် αˆα€”ာα€›ီα€™ှ ၁၀နာα€›ီထတွင်း α€”ေα€›ောင်ခြα€Š်α€€ို ၁၅မိα€”α€…်ခံα€šူပါ။
  • ထရိုး α€”ှင့် ထရိုးα€˜ေးα€™ှာα€›ှိα€žော α€€ြွα€€်α€žားα€™ျားပိုα€™ိုခိုင်α€™ာα€œာα€…ေα€›α€”် α€œေ့α€€ျင့်ခန်းပြုα€œုပ်ခြင်း၊α€œα€™်းα€œျှောα€€်ခြင်း တို့α€€ို α€”ေ့α€…α€₯်ပြုα€œုပ်ပေးပါ။

04 October 2021

ဆားနင်းခြင်းα€”ှင့် ဆားα€›ေα€”ွေးα€…ိα€™်ခြင်းα€–ြင့် α€€ျα€”်းα€™ာα€›ေးထတွα€€် α€˜ာတွေ ထထောα€€်ထကူα€–ြα€…်α€…ေα€œဲ

ဆားနင်းခြင်းα€”ှင့် ဆားα€›ေα€”ွေးα€…ိα€™်ခြင်းα€–ြင့် α€€ျα€”်းα€™ာα€›ေးထတွα€€် α€˜ာ​တွေထထောα€€်ထကူα€–ြα€…်α€…ေα€œဲ

α€›α€›ှိα€”ိုင်α€žောထကျိုးα€€ျေးဇူးα€™ျာ

  • α€™α€œိုထပ်α€žော ထပူထောင်းα€”ေα€žော ထခိုးထငွေ့α€™ျား ခြေဖဝါးα€™ှတဆင့် ထွα€€်α€žွားα€”ိုင်ခြင်း။
  • α€€ျောα€€်ကပ်တွင် ထပူခိုခြင်းα€™ှα€€ာα€€ွα€š်၍ ဆီးα€œα€™်းα€€ြောင်းα€€ို ထကျိုးပြုခြင်း။
  • α€€ြာα€€ြာနင်းα€œျှင် ခါးα€™ှထပူα€™ျားဆင်းα€žα€–ြင့် ခါးα€”ာα€žα€€်α€žာα€…ေခြင်း။
  • ထထိုင်α€™ျားα€žူ α€€ားα€™ောင်းα€™ျားα€žူα€™ျားထတွα€€် α€‘α€Šောင်းα€›ောဂါ၊ ထကြောပိတ်၊ ထကြောတင်းခြင်းα€™ျားα€™ှα€€ာα€€ွα€š်α€”ိုင်ခြင်း။
  • α€™ျα€€်α€…ိထာα€›ုံα€…ိုα€€်α€›α€žူα€™ျား၊ α€™ျα€€်α€™ှα€”်တပ်α€›α€žူα€™ျားထတွα€€် α€™ျα€€်α€…ိα€€ြα€Š်α€…ေပြီး α€…ွဲα€™ြဲα€œုပ်α€œျှင် α€™ျα€€်α€…ိα€’ီဂရီα€€ျပြီး α€™ျα€€်α€™ှα€”်α€œွတ်α€…ေα€”ိုင်ခြင်း။
  • ဆံပင်α€€ျွတ်α€žူα€™ျား၊ ဆံပင်ပါးα€žူα€™ျား ဆံပင်α€”ှα€…်ခွα€€ွဲခြင်းα€™ျား α€žα€€်α€žာα€…ေခြင်း။
  • ခေါင်းα€€ိုα€€်၊ α€™ျα€€်α€›ိုးα€€ိုα€€်၊ α€™ျα€€်α€›α€Š်α€€ျα€žူα€™ျား၊ α€™ျα€€်α€›α€Š်α€œα€™်းα€€ြောင်းပိတ်α€žူα€™ျားထတွα€€်α€œα€Š်း ထကျိုးα€›ှိα€…ေα€”ိုင်ခြင်း။
  • α€žားထိα€™်α€œα€™်းα€€ြောင်းပိတ်၍ α€žားα€žα€™ီးα€™α€›α€žူα€™ျား α€žားα€žα€™ီးα€›α€…ေα€”ိုင်ခြင်း။
  • ထမျိုးα€žားဆီးα€€ျိတ်α€›ောဂါα€›ှိα€žူα€™ျား ဆီးα€€ျိတ်α€€ြီးခြင်းα€™ှ α€€ာα€€ွα€š်α€”ိုင်ခြင်းα€…α€žော ထကျိုးα€€ျေးဇူးα€™ျားα€€ို α€› α€›ှိα€”ိုင်ပါα€α€š်။



α€”α€Š်းα€œα€™်း -၁

  • α€›ေမချိုးα€™ီ ၁နာα€›ီ α€‘α€œို (α€žို့) α€Šα€‘ိပ်α€›ာမဝင်α€™ီ ထချိα€”်တို့တွင်ပြုα€œုပ်ပေးပါ။
  • ဆားမနင်းခင် ခြေထောα€€်α€€ို ပေါင်ရင်းα€™ှစပြီး α€›ေα€œောင်းဆေးပါ။
  • ပြီးα€œျှင်ခြောα€€်ထောင်α€žုတ်ပါ။
  • ဆား၂ ပိα€Ώာ ခန့်ဆံ့α€žော α€‡α€œုံα€€ြီးထဲတွင် α€‘α€Š့်ပြီးနင်းပါ။
  • α€”ာα€›ီဝက်α€œောα€€် ဆက်တိုα€€်နင်းပါα€€ ခြေထောα€€်α€€ ချွေးα€™ျားထွα€€်α€œာတာα€€ို တွေ့ရပါα€™α€š်။
  • ၃၀မိα€”α€…်α€™ှ ၁နာα€›ီထတွင်း α€™ိα€™ိထားရထောင် နင်းပြီးα€œျှင်ခြေထောα€€်α€€ို ပုဝါα€–ြင့် ပွတ်ချပြီး ဆားတွေပြောင်ထောင်α€žုတ်ပါ။
  • ခြေထောα€€်α€€ို α€œုံးဝ (α€œုံးဝ) α€›ေထေးပြα€”်မဆေးရပါ။

α€”α€Š်းα€œα€™်း -၂

  • ဆား α…α€α€žားခန့်α€€ို α€›ေα€”ွေးတွင် α€‘α€Š့်ပြီးα€›ေα€”ွေးα€€ို α€™ိα€™ိခံα€”ိုင်α€›α€Š်α€›ှိα€žα€œောα€€် ထပူချိα€”်α€™ှ ၁၅မိα€”α€…်ခန့် (α€žို့α€™α€Ÿုတ်) α€›ေထေးα€žွားα€žα€Š်ထထိ ခြေထောα€€်α€€ို ခြေα€€ျင်းဝတ်ထိ α€™ြုပ်ထောင်α€…ိα€™်ပေးပါ။
  • ပြီးα€œျှင် α€α€˜α€€်α€–ြင့် ပြောင်ထောင်α€žုတ်ပေးပါ။ α€žို့α€™α€Ÿုတ်ပါα€€ α€’ူးထောα€€်α€€α€”ေ α€›ေခပ်α€”ွေးα€”ွေးα€”ဲ့α€œောင်းပြီး ဆေးပေးပါ။
  • ထို့α€”ောα€€် α€›ေခြောα€€်ထောင်α€žုတ်ပါ။
  • ခန္ဓာα€€ိုα€š်α€™ှာ ချွေးα€™ျားထွα€€်α€œာပြီး α€Šောင်းα€Šာα€€ိုα€€်ခဲခြင်းα€™ျား ပေါ့α€žွားα€…ေပါα€α€š်။ α€”ှα€…်ခြိုα€€်α€…ွာ ထိပ်ပျော်α€…ေပါα€α€š်။ ထပူα€œα€Š်းတော်တော် ထွα€€်ပါα€α€š်။

α€žα€ိပြုα€›α€”်

  • ခြေထောα€€်α€€ို ဆားနင်းခြင်း၊ ဆားα€–ြင့်ပွတ်ခြင်း၊ ဆားα€›ေα€”ွေးα€…ိα€™်ခြင်းတို့ပြုα€œုပ်ပြီးပါα€€ တကိုα€š်α€œုံး ထပူα€™ျားထွα€€်α€”ေပါα€žα€–ြင့် ၁နာα€›ီထတွင်း ခြေထောα€€်α€™ျားα€€ို α€›ေထေးα€–ြင့်ဆေးα€€ြောခြင်း၊ α€›ေထေးထိခြင်း၊ α€›ေထေးα€žောα€€်ခြင်းα€™ျား မပြုα€œုပ်ရပါ။
  • ထဲα€€ွα€”်း၊ ပန်α€€ာα€–ွင့်ထားα€žော ထခန်းတို့တွင် α€”ေထိုင်ခြင်း မပြုရပါ။

α€™ှတ်ချα€€် ။ α€™ိုးထုံ့α€žော၊ α€”ေα€›ောင်α€™α€™ြင်α€›α€žောα€”ေ့α€™ျားတွင် မပြုα€œုပ်α€žα€„့်ပါ။

#ဝင့်ဝါထောင်တိုင်းရင်းဆေးဝါးထုတ်α€œုပ်α€›ေး
#α€”ာα€€ျင်α€€ိုα€€်ခဲဝေα€’α€”ာα€™ျားကင်းဝေးထောင်ဝင့်ဝါထောင်α€€ိုဆောင်

01 October 2021

ပျားα€›α€Š်၏ ထကျိုးα€€ျေးဇူးα€™ျား

ပျားα€›α€Š်၏ ထကျိုးα€€ျေးဇူးα€™ျား


  • ပျားα€›α€Š်α€žα€Š် ထနာတွေα€€ို α€‘α€žားα€”ုတက်α€…ေပြီး ပိုးα€žေα€…ေα€žော ထာα€”ိα€žα€„်α€›ှိပါα€α€š်။
  • ထပူα€œောင်α€”ာ၊ ထိခိုα€€်α€›ှα€”ာတွေα€€ို α€žα€€်α€žာα€…ေပါα€α€š်။
  • ဝမ်းα€œျောပြီးα€…α€œူα€”ာတွေα€™ှာ ပျားα€›α€Š်တိုα€€်ပေးခြင်းα€–ြင့် ဆုံးα€›ှုံးα€žွားတဲ့α€›ေဓာတ်α€”ဲ့  potassium ဓာတ်တို့ ပြα€”်α€œα€Š် α€–ြα€Š့်တင်းပေးပါα€α€š်။
  • ထစာထိα€™် ထချα€₯်ပြα€”်ခြင်းα€€ို α€žα€€်α€žာα€…ေပါα€α€š်။
  • ထထေးα€™ိခြင်း၊ ချောင်းဆိုးခြင်းတို့α€€ို α€žα€€်α€žာα€…ေပါα€α€š်။
  • ပိုပြီး α€€ျα€”်းα€™ာα€…ေα€›α€”် α€žα€€ြားထစား ပျားα€›α€Š်α€€ို ထစားထစာတွေα€™ှာα€‘α€Š့်ပြီး α€‘α€žုံးပြုα€”ိုင်ပါα€α€š်။
  • ပျားα€›α€Š်α€€ို α€›ှောα€€်α€›α€Š် α€›ေα€”ွေးတို့α€–ြင့် ထစာα€™α€…ားα€™ှီα€žောα€€်ပေးပါα€€ α€€α€š်α€œိုα€›ီ α€œျော့ချပေးပါα€α€š်။

 


ထာα€šုα€—္α€—ေα€’ ဆေးα€•α€Šာထရ -


  • α€…ိတ်α€–ိα€…ီးခြင်း။
  • ထားα€”α€Š်းခြင်း။
  • ထိပ်မပျော်ခြင်း။
  • ထမြင်ထာα€›ုံ ဆိုင်α€›ာ α€œα€€္ခဏာα€™ျား။
  • ခံတွင်းထနံ့α€”ံခြင်း။
  • ချောင်းဆိုးခြင်း။
  • α€€ြို့ထိုးခြင်း။
  • ထစာထိα€™်ထနာα€–ြα€…်ခြင်း။
  • ဝမ်းα€œျောခြင်း။
  • ဝမ်းα€€ိုα€€်ခြင်း။
  • ထော့ထန်ခြင်း။
  • α€‘α€α€œွα€”်ခြင်း။
  • α€‘α€žα€Š်းα€›ောင်α€‘α€žားဝါ။
  • α€”ှင်းခူα€”ာ။
  • ထဆစ်α€›ောင်ခြင်း။
  • ထရွα€š်တင်α€”ုပျိုα€…ေခြင်း။
  • α€žွေးတိုး α€€ျα€…ေခြင်း။
  • ထရက်α€‘α€œွα€”်ထကျွံα€žောα€€်ပြီးα€”ောα€€် မထီα€™α€žာα€–ြα€…်ခြင်း α€…α€žα€Š်တို့α€€ိုα€žα€€်α€žာα€…ေα€žα€Š့် ထကျိုးα€€ျေးဇူးα€™ျားα€…ွာα€€ို α€›α€›ှိα€”ိုင်ပါα€α€š်။

 

α€žောα€€်α€žုံးα€›α€”်ပမာဏ


  • ထမျိုးα€žα€™ီး - α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၂ဇွα€”်း
  • ထမျိုးα€žား - α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၃ဇွα€”်း

α€›ေထေးα€–ြင့် α€žောα€€်α€žုံး α€”ိုင်ပါα€žα€Š်။

 

α€™ှတ်ချα€€် ။ ။ ၁နှα€…်ထောα€€် α€€α€œေးα€„α€š်α€™ျား α€žောα€€်α€žုံးα€›α€”် α€™α€žα€„့်တော်ပါ။

#ဝင့်ဝါထောင်တိုင်းရင်းဆေးဝါးထုတ်α€œုပ်α€›ေး

#α€€ျα€”်းα€™ာခြင်းα€žα€Š်α€œာα€˜်တစ်ပါးဝင့်ဝါထောင်α€€ိုဆောင်α€œို့ထား

#ပျားα€›α€Š်